Tuesday, July 31, 2012

အမြဲထာဝရ


သူငယ်ချင်း
ပျော်ရွှင်ရယ်မောနေတုန်း င့ါကိုမေ့ထား
ပျော်ပါးနေလဲ ရပါတယ်သူငယ်ချင်း။
အချစ်အတွက်၊ ဘ၀အတွက်
စိတ်ညစ်စရာမရှိတဲ့အခါ မင်းသတိမရလဲ
ရပါတယ် သူငယ်ချင်း။
ညစ်ညူးစိတ်နဲ့ ထိခိုက်ပင်ပန်း
နွမ်းနယ်နေချိန် မင်းငါ့ကိုသတိရလိုက်ပါ။
အေးမြခြင်း ရေတစ်ခွက်နဲ့
မင်းအပူတွေငြိမ်းပေးပါ့မယ်။
ငိုကျွေးမြည်တမ်း၊ ပင်ပန်းလို့


ကိုယ်ကရော အပြစ်ကင်းရဲ့လား..


တစ်ခါက ...

          ရွာတစ်ရွာမှာ ကွမ်းအရမ်းစားတဲ့ သူကြိး တစ်ယောက် ရှိတယ်.။ သူ ကွမ်းစားပုံက လွန်လွန်းတယ် လို့ ပြောလို့ရတယ်.။ မနက် မိုးလင်းလို့ သွားတိုက်တဲ့ အချိန်ပဲ ကွမ်းကို ထွေးပြီး သွားတိုက်သတဲ့.။ ကျန်တဲ့ အချိန်တွေကတော့ သူ့ပါးစပ်ထဲမှာ ကွမ်းအမြဲတမ်း ငုံထားတယ် ဆိုပဲ.။ ထမင်းစားရင်တောင်မှ သူက ကွမ်းကို မထွေးဘူး.။ ပါးစောင်တစ်ဖက်မှာ ငုံထားလိုက်ပြီး ထမင်းစားတယ် ဆိုပဲ.။ အိပ်ရင်တောင်မှ ကွမ်းငုံပြီးမှ အိပ်လေ့ရှိတယ်.။ ဒါကြောင့် သူကြီးသာ ဖြစ်နေတာ ကွမ်းနဲ့ ပတ်သတ်ရင် သူ့ကို ဘယ်သူမှ ပြောလို့မရဘူး ဆိုပဲ..။


သင် ဘယ်လို ချစ်သူလေးမျိုးနဲ့ တွေ့နိုင်မလဲဆိုတာ


ဘယ်လိုချစ်သူမျိုးနဲ့ တွေ့ချင်လဲဆိုတာ စိတ်ဝင်စားကြမှာဘဲနော်
> အိုကေ ... ဒါဆိုရင် ... ကျွန်တော် ... မေးခွန်းလေးတွေမေးမယ် ...multiple choice
> ... ပေါ့
> one ... two ... three ... ရွေးရုံလေးပါ ... ပြီးရင် ... အမှတ်ပေးမယ်...
> အားလုံးပေါင်း ...... မေးခွန်း ခြောက်ခုပေါ့ ... အမှတ်တွေပေါင်းပြီးရင် ...
> ကိုယ်ဘယ်လိုချစ်သူမျိုး ... ရနိုင်မလဲ ... သိကြရမယ်
> ကဲ ... စလိုက်ကြရအောင် ...

ဟာသ (၂)

No.71 . .စိတ်တိုခြင်းသီအိုရီ. .
  ------------------------------
  ပါမောက္ခ ကသင်တန်းပို့ချနေသည် ။
  "လူတစ်ယောက်မှာ စိတ်တိုမှု ဒီဂရီ (အဆင့်) ၃ မျိုးရှိတယ်လို့ဆိုနိုင်တယ် ၊
  ဒီအဆိုပြုချက်ကို ပိုပြီးရှင်းသွားအောင် ဆရာပြမယ် ၊ တယ်လီဖုန်း ကို
  ကိုကောက်ကိုင်လိုက်ပြီး ကြိုက် ရာနံပါတ် ၁ခုကို လှည့်လိုက် ၊ တဖက်က
  ကောက်ကိုင်တဲ့အခါမှာ 'ပီတာရှိလား' လို့မေးလိုက်မယ် ၊ 'ပီတာ ဆိုတာ
  ဒီ အိမ်မှာ မရှိဘူးလို့' ဟိုကဖြေမယ် ၊ဒီနံပါတ်ကိုပဲ နောက်တခါ ပြန်လှည့်ပြီး '
  ပီတာကို ကျေးဇူးပြု ပြီးခေါ်ပေးပါ' လို့ ပြောလိုက်မယ် ၊တဖက်က
  'ဒီမှာပီတာဆိုတာ မရှိဘူး၊ ဖုန်းမှားနေပြီ 'လို့ဖြေမယ် ၊ နောက်တကြိမ်
  ဒီနံပါတ်ကို ပဲ လှည့်ပြီး 'ပီတာ ပြန်လာပြီလား ' လို့မေးမယ် ၊ ဟိုဖက်က
  'ဘယ်ကပီတာ ကိုလာမေးနေတာလဲ ' ဆိုပြီးဖုန်းကိုချသွားမယ် ၊ ကိုင်း  သဘောပေါက်ကြတယ်
  မဟုတ်လား"
  ကျောင်းသား တစ်ယောက် နေရာကထပြီး ပြောသည် ။
  "စိတ်တိုတဲ့ စတုတ္ထ ဒီဂရီ ရှိသေးတယ် ဆရာ "
  "ဘာပါလိမ့် "
  ခုန နံပါတ်ကို ပဲပြန်လှည့်ပြီး 'ဟဲ လို..ကျွန်တော် ပီတာပါ၊ ကျွန်တော့်ကို
  ဘယ်သူမှ ဖုန်းမဆက်ဘူးလားဟင် ' လို့မေးလိုက်မယ် " 
 

ပညတ်သွားရာဓါတ်သတ်ပါတဲ့(ရယ်ရတယ်..ဟီးဟီး)

ရိုးရိုးအေးအေး စားရေးကြီး ကိုဘမောင်သည် လုပ်ငန်းကိုင်ငန်းများ
အဆင်မပြေသဖြင့် သူတို့ လမ်းထိပ်တွင် ဟောခန်း ဖွင့်စားနေသော
ဗေဒင်ဆရာထံသွားလေသည်။ ဗေဒင်ဆရာက ယခုကဲ့သို့ အညံ့များ ကြုံနေရခြင်းမှာ
ကိုဘမောင်အိမ်တွင် မလျှော်ကန်၊ မသင့်မြတ်သည်များ ရှိသောကြောင့်ဆိုပြီး
အိမ်အထိ လိုက်ကြည့် လေတော့သည်။အိမ်သို့ ရောက်ရောက်ခြင်းပင်...
ဗေဒင်ဆရာ။ ။ “သိပ်ဟုတ်တာပေါ့ ကိုဘမောင်၊ ခင်ဗျား ဘုရားစင်မှာ ထိုးထားတဲ့
ခတ္တာပန်းတွေကို စွန့်ပစ်လိုက်တော့... ဖြစ်နိုင်ရင် နောက်လည်း
မထိုးနဲ့ဗျာ... နောက် ဒီအောက်မှာ ချိတ်ထားတဲ့ စံပယ်ပန်းတွေ...”ကိုဘမောင်။
။ “ဘာလို့လဲ ဆရာ၊ ဘုရားကို ပန်းထိုးတာ မကောင်းဘူးလား...”
ဗေဒင်ဆရာ။ ။ “ခင်ဗျားတို့ အဲဒါတွေကြောင့် အခက်အခဲတွေ ရှိနေတာပေါ့...
ဒီမှာ ခတ္တာဆိုတာ “ခက်တာ” နဲ့ အသံဆင်တယ်ဗျ...။ ခက်တာတွေ ဖြစ်တတ်တယ်။ စပါယ်
ဆိုတာကလည်း “စကတည်းက ပယ်ခံရတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဖြစ်စေတယ်...”
ကိုဘမောင်။ ။ “ဟုတ်လား ဆရာ၊ ဒါဆို ဘာကို ဘုရားကပ်ရမလဲ..."

အမှတ်တမဲ့ ဆူး

သူငယ်ချင်းတို့ေ၇

အမှတ်တမဲ့ ကိုယ်ပြောဖူးတဲ့ ပြောမိတဲ့စကားတွေထဲမှာ ဆူးလေးတစ်ချောင်းပါခဲ့ရင်
မရည်ရွယ်ခဲ့တာကို တောင်းပန်တယ်နော်
မတော်တဆ မနိုင်းနိုင်းစနေ ရေးသလို အမှတ်တမဲ့ဆူး က အမှတ်တရတွေ
ဖြစ်ကုန်မှာဆိုးလို့ပါ

ရန်သူလား၊ မိတ်ဆွေလား

တခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသည်။
လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး မုဆိုးတွင် အမဲလိုက်ခွေးများ
မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့
ကျူးကျော် ၀င်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက
မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း
မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး
လယ်သမားမှာ သည်းမခံနိုင်သည့် အဆုံးရွာသူကြီးအား ခွေးများကို
အရေးယူပေးပါရန် သွားရောက်တောင်းဆိုခဲ့သည်။

အသိဥာဏ် + ကိုယ်ကျင့်တရား

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော
လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း
မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။
လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို
ပြောပြသွားခဲ့သည်။

အသက် ၃၀ ကျော် အမျိုးသားတို့၏ ကျန်းမာရေး


အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။  အခုအချိန်မှာ လူမှုရေးတာဝန်တွေ ပိုမိုများပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာနေမှသာ အရာရာကို အောင်မြင်ပျော်ရွှင်မှု အပြည့်နဲ့ ကျော်လွှားနိုင်မှာပါ။

ပဲနှင့် ပီလောပီနံတောက်ရခြင်းအကြောင်း

ပဲနှင့် ပီလောပီနံတောက်ရခြင်းအကြောင်း
ဂျပန်နိုင်ငံ အစားအသောက် သုတေသန ဓာတ် ခွဲခန်းများ(Japan Food Research Labora
tories) ပညာရှင် နှစ်ဦးဖြစ်သူ Mr. G. Yukawa နှင့် Mr. T. Nishimura တို့နှင့် တွေ့ဆုံ ဆွေး
နွေးပွဲ နှစ်ခုသို့ တက်ရောက်ခွင့် ကြုံခဲ့ ပါသည်။ တစ်ခုမှာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး
ဝန်ကြီး ဌာနတွင် ပြုလုပ်သော မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစား သောက်ကုန် ထုတ်လုပ် တင်ပို့
ရောင်းချ သူများ အသင်း၏ အသင်း ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပြီး၊ နောက် တစ်ခုမှာ
မြန်မာနိုင်ငံ စီးပွား ကူးသန်းနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) တွင်
ပြုလုပ်သော ဂျပန်နိုင်ငံ အစားအသောက် အန္တရာယ် ကင်းရှင်းရေး (Food Safety) နှင့်
အစားအသောက် ဓာတ်ခွဲခန်း(Food Laboratory) များ အကြောင်း ဟောပြောပွဲ ဖြစ်သည်။ ဤ
ဆွေးနွေးပွဲ ၂ခုမှ သတိပြုမိသော ကျန်းမာ ရေးနှင့် ဆက်နွယ်သည့် အချက် တစ်ချက်မှာ ပဲ (ပဲကြီး၊
ပဲထောပတ်၊ စွန်တာနီ၊ စွန်တာပြာ စသည်) တွင် ပါဝင်သော ဟိုက်ဒြိုဆိုင် ယာနစ် အက်စစ်
(Hydracyanic- HCN) အကြောင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ တင်ပို့သော ပဲများ၏ HCN
ပမာဏသည် တင်ပို့စဉ်က ဓာတ်ခွဲ စမ်းသပ်သော ပမာဏထက် ဂျပန်ဆိပ် ကမ်းသို့ ဆိုက်ရောက်
သောအခါ ပိုများနေကြောင်းနှင့် ဂျပန်နိုင်ငံ၏ ခွင့်ပြုစံနှုန်းကို ကျော်လွန် နေသဖြင့် အငြင်းပွား
ဖွယ်ရာ ဖြစ်ကြောင်း၊ ယင်းသို့ ကွဲလွဲနေမှုသည် အချိန်ကာလနှင့် သက်ဆိုင် နေမည် ဖြစ်ကြောင်း၊

Sunday, July 29, 2012

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

 Photo: ဝက်ခြံထွက်သူများ အတွက် ....... ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။ ပါဝင်ပစ္စည်းများ -ဘီယာချက်ရာတွင် သုံးတဲ့တစေး -လီမွန်သီး အရည်၊ -ရေ ပြုလုပ်နည်း -ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။ ပင်စိမ်းရွက် တိုနာ ...... ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။ ပါဝင်ပစ္စည်းများ -ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊ -ရေနွေးတစ်ခွက်၊ ပြုလုပ်နည်း -ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင်ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။ ( အစဉ်ပြေ ပျောက်ကင်းပါစေဗျာ )
ဝက်ခြံထွက်သူများ အတွက် .......

ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု
ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက် သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာအဆာတွေကို သက်သာ စေပါတယ်။

အာသီးဘာကြောင့် ရောင်တာလဲ....


အာသီးက လူတိုင်းမှာရှိပါတယ်။ ရောဂါပိုးတခုခု သွေးထဲဝင်လာရင် ကာကွယ်နိုင်တဲ့ တွန်းခံအားပေးနိုင်တဲ့ အစိတ်အပိုင်းတခုလို့ အကြမ်းဖျင်း မှတ်ထားပါ။ အဲဒီအာသီးကိုမှ ပိုးဝင်တွယ်တော့ ရောင်လာနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲမှာ ပိုဖြစ်တတ်ပါတယ်။ ရေခဲရေ၊ ရေခဲမုန့်နဲ့ အအေးစိမ်ထားတဲ့ အသီးအနှံဖျော်ရည် တွေကို အမြဲစားသောက်ရင် ဖြစ်တတ်ပါတယ်။ ဖုန်ထူထူ၊ လူထူထူသွားရင် အငွေ့အသက်တွေက တဆင့်လည်း ပိုးဝင်ပြီး ရောင်နိုင်ပါတယ်။

With complete respect for all ladies, Just for fun



 
 
 
www.FunAndFunOnly.org

ရီမောခြင်းဖြင့် စိတ်ဖိစီးမှု့များပြေပျောက်နိုင်ကြပါစေ.......

တစ်ခုခုတော့ ဖြတ်ရမယ်

ဆရာဝန်- ခင်ဗျား ဆေးလိပ်သောက်တာ ရပ်လိုက်ပါ။

လူနာ - ကျနော် လုံးဝဆေးလိပ် မသောက်တတ်ပါဘူး

ဆရာ။

ဆရာဝန်- ဒါဆို အရက်လုံးဝ မသောက်ပါနဲ့ ။

လူနာ - အရက်လည်း လုံးဝ မသောက်တတ်ပါဘူး ။

ဆရာဝန်- ခင်ဗျား အာလူးကြော် ကြိုက်လားဗျ ။

လူနာ - ဟုတ်ကဲ့ အာလူးကြော်ကို သိပ်ကြိုက်ပါတယ် ။

ဆရာဝန်- ဒါဆို အာလူးကြော်နောက်မစားနဲ့တော့ ။
.............


အပင်ပန်း မခံချင်ပါနဲ့

ဆရာဝန်ကလူနာကို ပြောတယ်.......

"ခင်ဗျားကို ၀မ်းနည်းစကား ပြောရဦးမယ်

ခင်ဗျား ဗိုက်က ချုပ်ရိုးတွေ ပြန်ဖွင့်ရလိမ့်မယ်"

"ဘာဖြစ်လို့လဲ ဒေါက်တာ"

Friday, July 27, 2012

ဟာသ (၁)

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို
ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့
ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

ဆရာ အော်ပီကျယ် ရဲ့ ကျကြမ်း

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

Thursday, July 26, 2012

Hacker အကြောင်းသိကောင်းစရာ

၁။ (က) Hacker ဆိုသည်မှာ


Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

Wednesday, July 25, 2012

မိမိဓာတ်ပုံဖြင့် ပရိုဖိုင်းအတုဖွင့်ကာ ဆဲဆိုနေသူများအား ရီပို့ပြုလုပ်ပုံ

Myanmar Bangladesh Cyber Warတွင် ဘင်္ဂလားဒေ့ရှ်မှ ရှုံးနိမ့်နေသဖြင့် ဘင်္ဂလီကုလားများမှ အောက်တန်းကျသောနည်းလမ်းများကို အသုံးပြုရန်ရှိနေပါသည်။ မြန်မာမလေးများ၏ ပုံများကို ခိုးယူဒေါင်းလုပ် ပြုလုပ်ကာ ပရိုဖိုင်းအသစ်ဖွင့် မြန်မာများကို Addကာ ဆဲဆို၍ ပုံများခိုးယူဖို့ ကြံနေကြသည် ဟု သတင်းရရှိပါသည်။ ထို့ကြောင့် မိမိအား လာအက်သူမှာ Facebook စသုံးခါစ လူသစ်ဖြစ်နေပါက လက်မခံကြပါနှင့်။ လက်ခံမိ၍ မိမိပုံများကို ခိုးယူကာ အယောင်ဆောင် ပရိုဖိုင်းလုပ်သွားပါက ရီပို့ပြုလုပ်ပုံ အဆင့်ဆင့်ကို တင်ပြလိုက်ပါသည်။ ထိရောက်မှုရှိပါသည်။

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု


မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

Monday, July 23, 2012

နေ့စဉ်သုံးဖို့နည်းလမ်းတစ်ချို့

မှတ်သားဖွယ်ရာလေးတွေပါ


     ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
     ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
    သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
     အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခုရှိ
 ပါတယ်။

သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး

သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး

ဘာသာပြန်လေး တစ်ခုကပါ... ဆိုင်ချင်မှတော့ ဆိုင်မယ် ... အပျော်သဘောလေးပေါ့
... သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး ... တဲ့ ...
ကဲ ... အောက်က ရေးပြထားတဲ့ သစ်သီးတွေထဲက ... ဘယ်အသီးကို အကြိုက်ဆုံးလဲ
သရက်
ဖရဲ
သေဘာၤ
ဒူးရင်း
လိမ္မော်
စပျစ်
... ခင်ဗျားတို့ရဲ့ အကြိုက်ဆုံးတစ်မျိုးလောက် ... ပြောပြပါလား ..
ပြီးမှ အဖြေကို ၀င်ကြည့်ပေးပါနော်..
အရင် အသီးတစ်ခုခု ကို ရွေးပြီးပြီ ဆိုမှ အဖြေကိုကြည့်နော်...

Saturday, July 21, 2012

ချစ်သူများနေ့ပေါ်ပေါက်လာပုံ

Picture
ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ
(၁၄)ရက်နေ့လို့သတ်မှတ်ထားပါတယ်။ဒါ့ပြင်ပညာရှင်တွေကလဲ ဖေဖော်ဝါရီလဟာ
အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့
လတစ်လလို့ သတ်မှတ်ထားကြပါသေးတယ်။ အဲဒီနေ့ကိုရောက်ပြီဆိုတာနဲ့
ကမ္ဘာအရပ်ရပ်က ချစ်သူတွေကအမှတ်တရချောကလက်လေးတွေ၊
 ပန်းစည်းတွေအစရှိတဲ့လက်ဆောင်တွေကိုလဲလှယ်ကြပါတယ်။
 ဒါပေမယ့်ဒီလိုနေ့လေးပာာဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုတော့
သိရှိသူအလွန်နည်းပါးလှပါတယ်။

ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၁)

ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ရောမမြို
စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့်
စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြလို့ ချစ်သူရည်းစား မဖြစ်စေရ

ချွေးပေါက်လေးတွေ မကျယ်စေဖို့

Picture
မှန်ထဲမှာ အနီးကပ်ကြည့်မိတဲ့အခါ နှာခေါင်းနဲ့ ပါးပြင်က ချွေးပေါက်လေး တွေကို သင်မြင်တွေ့နိုင်မှာပါ။ ချွေးပေါက်တွေ သိပ်ကျယ်နေတဲ့အခါ သင့်အသားအရေကို ကြည့်ရတာ နဂိုကလို နူးညံ့မှု မရှိဘူးလို့ ထင်မြင်နိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်လေးတွေ ကျဉ်းအောင် သင့်အသားအရေကို အောက်ပါနည်းလမ်း ငါးမျိုးနဲ့ ထိန်းသိမ်းလိုက်ပါ။ ၁။ နေရောင်ကာဆီ လိမ်းပါ နေရောင်ခြည်က နူးညံ့ချောမွေ့တဲ့ အသားအရေကို ဖြစ်စေတဲ့ ကော်လဂျင်အလွှာကို ပျက်စီးစေပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ နေရောင်ကာဆီ လိမ်းပေးပါ။
၂။ အိပ်ခါနီးမှာ မျက်နှာသန့်စင်ပါ တစ်နေကုန် သင်ဘယ်လောက်ပဲ မောပန်းနေပါစေ၊ မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ဖို့ ညအိပ်ခါနီးမှာ မျက်နှာသစ်ဖို့ မမေ့ပါနဲ့။ သင်က မိတ်ကပ်၊ ပေါင်ဒါ၊ နှုတ်ခမ်းနီတွေ အသုံးပြုလေ့ မရှိပေမယ့်လည်း မျက်နှာမှာရှိတဲ့ ဖုန်မှုန့်တွေနဲ့ အဆီကို

ဖယ်ရှားဖို့ သင့်မျက်နှာကို သန့်စင်ပေးဖို့ လိုပါတယ်။ ၃။ ဆယ်လီစလစ် အက်စစ်ပါတဲ့ ဆပ်ပြာအသုံးပြုပါ ဖုန်မှုန့်နဲ့ အဆီတွေက မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ဆယ်လီစလစ်အက်စစ် (Salicylic acid) ပါတဲ့ ဆပ်ပြာအသုံးပြုပြီး မျက်နှာသန့်စင်ပေးပါ။

၎။ Moisturizer အသုံးပြုပါ သင့်အသားအရေနဲ့ သင့်တော်ပြီး အဆီမပြန်တဲ့ Moisturizer ကို ရွေးချယ်အသုံးပြုပါ။

၅။ ဆရာဝန်နဲ့ ပြသပါ သင့်အသားအရေက အရမ်းကို ထိခိုက်လွယ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားရင်တော့ ကိုယ့်စိတ်ထင်တိုင်း အလှပြင်ပစ္စည်းတွေ ဝယ်သုံးဖို့ မသင့်တော်ပါဘူး။ အရေပြားအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဝယ်ယူသုံးစွဲဖို့ လိုပါတယ်။

Ref: Good Health

သင့်ရဲ့စရိုက်

သူငယ်ချင်းရေ...
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို .......
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို

L  = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I   = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N  = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ

ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော. ။  Good Luck !

ကျွန်ပ်နှင့် သရဲခြောက်သော ၀ါးရုံတော

(၁)

အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက
တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော
လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက် ကယ်သောင် ရွာကလေးကား
အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော
သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ်
အလွန် ကောင်း လှပေ၏ ။ ထိုအခိုက် မပီဝိုးတ၀ါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက
ရွာတောင်ဖက် သင်္ချိုင်းအလည်မှ တရွေ့ ရွေ့သွားနေ၏ ။ သက်ကယ်သောင်ရွာနှင့်
ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ၀ါးရုံတော ကြီးတစ်ခု ရှိလေ၏ ။
ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား
သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ၀ါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။
ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ၀ါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင်
လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာ ပင် မဲမဲသဏ္ဍာန်နှစ်ခုသည်
သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။

" ကယ်ကြပါဦးဗျို့... ကယ်ကြပါဦး.. သ...သရဲ ခြောက်လို့ဗျို့ "

အသားအရည်အမျိုးအစားလိုက်မျက်နှာပေါင်းတင်နည်း

ဆောင်းတွင်း (သို့) အေးတဲ့နေရာတွေမှာနေရလို့ ကိုယ့်မျက်နှာလေးက ခြောက်သွေ့လာလို့ပဲဖြစ်ဖြစ် …. နွေပူပူမှာ မျက်နှာအဆီပြန်လာလို့ပဲဖြစ်ဖြစ်….

ဝက်ခြံ မဲ့ခြောက် မပေါက်အောင် ကာကွယ်ချင်လို့ပဲဖြစ်ဖြစ်…

ကိုယ့်မျက်နှာလေးကို တစ်ပတ်တစ်ခါ သို့ တစ်လတစ်ခါ ဂရုစိုက်ပေါင်းတင်ချင်ကြမယ့် ပျိုပျိုမေတွေအတွက် ရော ကိုကို တို့ အတွက်ပါ အသုံးဝင်တဲ့ ပိုက်ဆံလည်းမကုန် ကိုယ့်မီးဖိုချောင်က ရှိပြီးသား ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

Friday, July 6, 2012

အထီးကျန်ပန်းတစ်ပွင့်ရဲ့ဘဝ


Picture
လှပတဲ့အရောင်အသွေး
ဆန်းပြားတဲ့ပုံသဏ္ဍာန်နဲ့
ငါ... ပန်းတစ်ပွင့်ဖြစ်ခဲ့ပြီ။
ခြူလိုသူတွေ ပန်လိုသူတွေရဲ့
ကမ်းလင့်လာတဲ့လက်တွေကြားမှာ
ငါ့ရဲ့ဝမ်းနဲမှုတွေမွေးဖွားခဲ့ပေါ့...
မျှော်လင့်ချက်တွေပျောက်ဆုံးကုန်ပေါ့...။
ငါမျှော်လင့်နေပါတယ်
လက်လေးတစ်ဖက်ပေါ့
ကြင်နာစွာယုယနမ်းရှိုက်မယ့်
လက်လေးတစ်ဖက်ပေါ့။
ပိုင်ဆိုင်လိုမှုတွေ တပ်မက်မှုတွေကြားမှာ
ရှင်သန်ခဲ့ရတဲ့
ငါ့လို ရနံမဲ့ပန်းတစ်ပွင့်ကို
ဘယ်သူကများနမ်းရှိုက်ချင်ပါ့မလဲ။
ငါ့နာမည် Spider Orchid
လှပတဲ့အဆင်းနဲ့ ၀မ်းနည်းကြေကွဲနေတဲ့
ပန်းတစ်ပွင့်ပေါ့...။