Thursday, September 27, 2012

မင်းရဲ့အကောင်းဆုံး ချစ်ခြင်းမေတ္တာကိုပေးပါ

တစ်ခါက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော်တို့ ဟာ ပျော်ရွှင်မှုအပြည့်နဲ့  အတူတကွကစားနေခဲ့ကြတယ်။ ကောင်လေးရဲ့ လက်ထဲမှာတော့ စကျင်ကျောက်လေးတွေရှိပြီး ကောင်မလေးစီမှာတော့ သကြားလုံးတချို့ ရှိနေတယ်။
အဲ့ဒီအချိန်မှာ ကောင်ကလေးက သူ့ရဲ့  စကျင်ကျောက်တွေ နဲ့ ကောင်မလေးရဲ့  သကြားလုံးလေးတွေနဲ့ လဲမယ်ဆိုပြီးပြောလိုက်တယ်။ ကောင်မလေးကလည်း သဘောတူခဲ့တယ်၊

အဲ့ဒါနဲ့ ကောင်ကလေးက ပိုလှပြီး ပိုကြီးမားတဲ့ စကျင်ကျောက်တွေကို ဘေးဖယ်လိုက်ပြီး ကျန်တဲ့မလှမပဖြစ်နေတဲ့ စကျင်ကျောက်တွေကို ကောင်မလေးစီပေးလိုက်တယ်။ ကောင်မလေးကတော့ သူမရဲ့ သကြားလုံးအားလုံးကို ကျေကျေနပ်နပ်ကြီး ပေးခဲ့တယ်။


ညရောက်တဲ့ အချိန်မှာ ကောင်မလေးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ခဲ့တယ်။ဒါပေမယ့် ကောင်လေးကတော့ သူ့ အကောင်းဆုံးစကျင်ကျောက်လေးတွေ ဖွတ်ထားသလိုမျိုး ကောင်မလေးလဲ သကြားလုံးအချို့ ကို ၀ှက်ထားမလားဆိုပြီး စဉ်းစားရင်းနဲ့ အိပ်မပျော်ခဲ့ဘူး။

ဒီပုံပြင်လေးရဲ့  သင်ခန်းစာကတော့.........
သင်ဟာ သင်ရဲ့ မေတ္တာတရားတွေကို တခြားသူအားအပြည့်အ၀မပေးနိုင်ခဲ့ဘူးဆိုရင် အခြားတစ်ယောက်က မင်းပေါ်အပြည့်အ၀မေတ္တာတွေပေးနေ သည့်တိုင်အောင် သင်ဟာ အမြဲတမ်းသံသယတွေနဲ့  နေထိုင်နေရပါလိမ့်မယ်။

ဒါဟာချစ်ခြင်းမေတ္တာကဲ့သို့ ၊ အလုပ်ရှင်နဲ့  အလုပ်သမားကြားကဲ့သို့  မည် သည့်ဆက်ဆံရေးကိုမဆို ဆိုလိုခြင်းဖြစ်တယ်။ သင်လုပ်သမျှအားလုံးကို 100 ရာခိုင်နှုန်း အပြည့်အ၀လုပ်ပါ။ ဒါဆိုရင်သင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် လာနိုင်ပါလိမ့်မယ်။

♥ နှင်းသခင် ♥

No comments:

Post a Comment