Thursday, September 27, 2012

မင်းရဲ့အကောင်းဆုံး ချစ်ခြင်းမေတ္တာကိုပေးပါ

တစ်ခါက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော်တို့ ဟာ ပျော်ရွှင်မှုအပြည့်နဲ့  အတူတကွကစားနေခဲ့ကြတယ်။ ကောင်လေးရဲ့ လက်ထဲမှာတော့ စကျင်ကျောက်လေးတွေရှိပြီး ကောင်မလေးစီမှာတော့ သကြားလုံးတချို့ ရှိနေတယ်။
အဲ့ဒီအချိန်မှာ ကောင်ကလေးက သူ့ရဲ့  စကျင်ကျောက်တွေ နဲ့ ကောင်မလေးရဲ့  သကြားလုံးလေးတွေနဲ့ လဲမယ်ဆိုပြီးပြောလိုက်တယ်။ ကောင်မလေးကလည်း သဘောတူခဲ့တယ်၊

အဲ့ဒါနဲ့ ကောင်ကလေးက ပိုလှပြီး ပိုကြီးမားတဲ့ စကျင်ကျောက်တွေကို ဘေးဖယ်လိုက်ပြီး ကျန်တဲ့မလှမပဖြစ်နေတဲ့ စကျင်ကျောက်တွေကို ကောင်မလေးစီပေးလိုက်တယ်။ ကောင်မလေးကတော့ သူမရဲ့ သကြားလုံးအားလုံးကို ကျေကျေနပ်နပ်ကြီး ပေးခဲ့တယ်။

Tuesday, September 11, 2012

မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား





ရေးသားသူ- အားမာန်၊ ထွန်းခိုင်



မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံတိုင်အောင်၊ တောင်ပိုင်းတစ်လျှောက် မြစ်ဝကျွန်းပေါ်ဒေသအားဖြတ် ၍ ကပ္ပလီပင်လယ်အထိ ရှည်လျားလှသော စစ်ကိုင်းပြတ်ရွေ့ကြော (စစ်ကိုင်းငလျင်ကြော)ကို စတင်ဖော်ထုတ် တွေ့ရှိလိုက်ပြီးနောက် ဒေါက်တာ
ဝင်းဆွေအဖို့ ခံစားချက်နှစ်မျိုး ဖြစ်ပေါ်လာသည်။

ယင်းမှာ လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့ရသော သုတေသနအောင်မြင်မှုအတွက် ပီတိနှင့် ငလျင်ကြောပေါ်တွင် ထိုင်နေသည့် မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှု။

“လုပ်ငန်းအောင်မြင်မှုအနေနဲ့ စိတ်ထဲမှာ ပီတိဖြစ်တယ်။ Second Thought (ဒုတိယအတွေး) ဒါကအန္တရာယ်ရှိတယ်။ ဒါကြောင့်လည်း ငလျင်အကြောင်းကို ပိုပြီးတော့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖြစ်တာ”ဟု အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက ပြောပါသည်။

Wednesday, September 5, 2012


အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်မရှိဘူး။ အဲ့ဒါဟာ ကျရှုံးခြင်းတွေကနေ မင်းဘယ်လောက်လေ့လာတယ်၊ ဘယ်လိုကြိုးစားတယ်၊ ဘယ်လိုပြင်ဆင်မှု တွေလုပ်တယ်ဆိုတာပဲဖြစ်တယ်...

♥ နှင်းသခင် ♥

Monday, September 3, 2012

အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများအ တွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီ တွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။


ပုလင်းများတစ်လုံးစီ တွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်ေ အးများပုလင်း များထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။

ဖတ်ကြပေတော့...စာအုပ်တွေ

  1. မဟာသေနာပတိ (ချစ်ဦးညို)
  2. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)

Sunday, September 2, 2012

ဒါတွေကို သင်ပိုင်ဆိုင်ပါစေ


အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။