Friday, September 29, 2017

နင်မရှိတဲ့နောက်ပိုင်း..


နင်မရှိတဲ့နောက်ပိုင်း...နေ့ရက်တွေက ပြောင်းလဲသွားတယ်
အသက်ရှူသံတွေမှန်နေပေမဲ့...ရနံ့တွေမဲ့သွားတယ်
ငါ့နှလုံးခုန်သံစည်းချက်ကျနေပေမဲ့... သံစဉ်တွေမဲ့သွားတယ်
ငါအဆင်ပြေပါတယ်...နင်မရှိတဲ့နောက်ပိုင်းပေါ့
ငှက်လေးတွေတေးဆိုသံကို မကြားရတာကလွဲရင်
နွေးထွေးတဲ့နေရောင်ခြည်ကို မခံစားနိုင်တော့တာကလွဲရင်
လျှောက်နေပေမယ့် ဦးတည်ရာကိုမသိတာကလွဲရင်
နေ့ရက်တိုင်းကို ငါအဆင်ပြေပြေနိုးထနေပါတယ် . . .
Moesat Hnin

Tuesday, September 26, 2017

နင်သိရဲ့လား....


နင်သိရဲ့လား . . .
နင်အနားမှာရှိယုံနဲ့ ကျေနပ်ပျော်ရွှင်တတ်တဲ့
ကောင်မလေး တစ်ယောက်ရှိတယ်ဆိုတာ . . .
နင်သိရဲ့လား . . .
နင်အမှတ်တမဲ့ သတိတရရှိယုံနဲ့တောင်
လှိုက်ခနဲခုန်တတ်တဲ့ နှလုံးသား တစ်စုံရှိတယ်ဆိုတာ . . နင်သိရဲ့လား . . .