Thursday, August 30, 2012

ဘ၀ရဲ့  အရေးကြီးဆုံးသောအရာ


အတွေးအခေါ်ပညာရှင်ပါမောက္ခတစ်ဦးဟာ စာသင်ချိန်မတိုင်ခင် ပစ္စ္စည်းတချို့ တင်ထားတဲ့ စားပွဲရှေ့ကနေ
ကျောင်းသားတွေကို ရပ်ကြည့်နေခဲ့တယ်။ အတန်းစတဲ့အခါမှာတာ့ ကြီးမားတဲ့ဖန်ခွက်ရှည်အလွတ်တစ်ခုကို
ကောက်ကိုင်လိုက်ပြီး ခွက်ထဲကို အချင်း(2)လက်မရှိတဲ့ ကျောက်တုံးတွေဖြည့်လိုက်တယ်။
အဲ့ဒီနောက်မှာ သူကဒီခွက်ပြည့်သွားပြီလားလို့ ကျောင်းသားတွေကိုမေးလိုက်တယ်။
" ဟုတ်ကဲ့...ပြည့်သွားပါပြီ"လို့် ကျောင်းသားတွေကတစ်ညီတစ်ညာတည်းဖြေပါတယ်။

Tuesday, August 28, 2012

ပျော်ရွှင်နေပါ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ..


၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

Thursday, August 23, 2012

လက်စွပ် ၀တ်ဆင်မယ်ဆိုရင်


လူတိုင်းဟာ လက်စွပ်ကို ၀တ်ဆင်လိုစိတ်ရှိမယ်ထင်ပါတယ်.. လက်စွပ် ၀တ်ဆင်လိုသူများအတွက်
လက်တစ်ချောင်းစီပေါ် ဝတ်ဆင်ထားတဲ့လက်စွပ်တွေမှာ မတူတဲ့အဓိပ္ပာယ်တွေရှိသတဲ့။ ပြောကြားချက်အရ ဘယ်ဖက်လက်သူကြွယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးသားနဲ့ဆက်သွယ်ထားတယ်။ ဒါကြောင့် မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာဇနီးမောင်နှံက လက်ထပ်လက်စွပ်ကို ဘယ်ဖက်လက်သူကြွယ်မှာ ဝတ်ဆင်ပေးကြတယ်လို့ ဆိုပါတယ်။ အင်တာနက်ပေါ်မှာဖတ်ရတဲ့ လက်စွပ်ဝတ်ဆင်ပုံအကြောင်းကို ဘာသာပြန်မျှဝေလိုက်ပါတယ်။
လက်စွပ်ဝတ်ဆင်တဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်ရဲ့ အဓိပ္ပာယ်တွေက….

ညာဖက်လက်သန်း ———- ချစ်သူ ရည်းစားမထားချင်ပါ
ညာဖက်လက်သူကြွယ် —— ချစ်ကြိုက်နေတယ်။
ညာဖက်လက်ခလယ် ——- ပိုင်ရှင်ရှိတယ်
ညာဖက်လက်ညှိုး ———- တစ်ကိုယ်ရေတစ်ကာယ

“ တချိန်တုန်းက ” / “ မိန်းမ ”


တစ်နေ့မှာ......
တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်...တံခါးဖွင့်သံကြားတော့
အဖြူရောင်အိင်္ကျီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးလှမ်းကြည့်လိုက်တယ်
"မင်္ဂလာပါ ... " စားပွဲထိုးမိန်းကလေးချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာခါးကိုင်းလိုက်တယ် ...
ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် ... ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ... မိန်းမကြီးကတော့ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့
ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် ... အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်...


Monday, August 20, 2012

ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ

ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ
အွန်လိုင်းပေါ်မှာ ကိုယ်မသိတဲ့ ဘာသာစကားတွေနဲ့ ပြောဆိုတာ
တွေ့ရပါတယ် ကိုယ်မတတ်ရင် ဆဲဆိုသွားရင်လည်း ဘာမှ သိမှာ
မဟုတ်ပါဘူး ။ ဒါကြောင့် ဘယ်သာသာစကားမဆို တီးမိခေါက်မိအောင်
လေ့လာထားသင့်ပါတယ် ။ ဘာသာစကားတစ်ခုခုနဲ့ ပြောဆိုလာတဲ့အခါ
မိမိနားလည်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ပြန်ဆိုပြီး ပြန်ပြောနိုင်မယ်လို့
မျှော်လင့်မိပါတယ် ။ အခုတင်ပေးလိုက်တဲ့ ဘာသာပြန် အကောင့်တွေကို
သေချာလေ့လာကြည့်တဲ့အခါမှာ ဘာသာစကားတစ်ခုရဲ့ အမည်ထဲက
အရှေ့က အင်္ဂလိပ်စာနှစ်လုံးကို ဖြည့်ထားတာတွေ့ရလို့ တချို့မပါသေးတဲ့
ဘာသာစကားတွေကို မေဆန်းသပ်ပြီး အပ်ကြည့်ပါတယ် အဆင်ပြေပါတယ်ရှင်
သဘောတရားက ဂျပန်ဘာသာအကောင့်တခု လုပ်ချင်တယ်ဆိုရင် စြေညေ ဆိုရင်
ဲေ ဆိုပြီး အရှေ့ကနေ အင်္ဂလိပ်စာနှစ်လုံး ရေးရပါမယ် အလယ်မှာ ၂ ခံရပါမယ်
၂ နောက်ကနေ ကိုယ်ပြန်ဆိုလိုတဲ့ အင်္ဂလိပ် ဘာသာစကား ပြန်ဆိုလိုလျှင် 

နည ဆိုပြီး အနောက်ကနေ ရေးလိုက်ပါ ပြီးရင် ပုံမှန် နောက်ကနေ ဏ္ဍဘသအ.အေု.ါသသူါန.ခသာ
ထဲ့ပေးလိုက်ပါြေ၂နညဏ္ဍဘသအ.အေု.ါသသူါန.ခသာ ဒီလိုလေးဆိုရင် ဂျပန်ကနေ အင်္ဂလိပ်
နည၂ြေ ဏ္ဍဘသအ.အေု.ါသသူါန.ခသာ ဒီလိုလေးဆိုရင် အင်္ဂလိပ်ကနေ ဂျပန်
ရှေ့ကထဲ့တဲ့ စာလုံးနဲ့ အနောက်ကထဲ့တဲ့ စာလုံးလေးကို ပြောင်းပြန်ပြင်ပေးလိုက်ယုံပါပဲ
ကိုယ်လိုတဲ့ ဘာသာစကားရဲ့ အမည်ကို ဖြည့်ပြီးရင် နည၂ြေ ဏ္ဍဘသအ.အေု.ါသသူါန.ခသာ
ဒီလိုလေး ထဲ့ပေးပြီး အပ်လိုက်ပါရှင် ။ စမ်းသပ်ကြည့်လိုက်ပါ အခုတင်ပေးလိုက်တဲ့
ဘာသာပြန်တွေဟာ ၊ မေ စုထားတာလေးတွေရော စမ်းသပ်ကြည့်တဲ့ အကောင့်တွေရော
တင်ပေးလိုက်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေရှင်. . . . . . .
ကိုယ်ပြောချင်တဲ့ စကားလုံးလေးတွေ ထည့်ရိုက်ပြီး စမ်းကြည့်နော်..။ မြန်မာကနေ တခြားဘာသာစကားကို ပြောင်းတာ ရှာမတွေ့ သေးတဲ့ အတွက် အနည်းဆုံး အင်္ဂလိပ်လိုရိုက်ပြီး တခြားဘာသာစကားကို ဖတ်မှပဲ ရပါအုံးမယ်..။ မြန်မာကနေ တစ်ခြားဘာသာစကားကို ပြောင်းတာ ကြိုးစားရှာဖွေပေးမယ်နော်..။




1+2
ar2en@bot.talk.google.com English- Arsbic ဘာသာပြန်ရန်
en2ar@bot.talk.google.com Arsbic-English ဘာသာပြန်ရန်

3+4
bg2en@bot.talk.google.com Bulgarian-English ဘာသာပြန်ရန်
en2bg@bot.talk.google.com English–Bulgarianဘာသာပြန်ရန်

5+6
en2cs@bot.talk.google.com English-Czechဘာသာပြန်ရန်
cs2en@bot.talk.google.com Czech-Englishဘာသာပြန်ရန်

7+8
da2en@bot.talk.google.com Danish-Englishဘာသာပြန်ရန်
en2da@bot.talk.google.com English-Danishဘာသာပြန်ရန်

9+10
de2en@bot.talk.google.com German-Englishဘာသာပြန်ရန်
en2de@bot.talk.google.com English-Germanဘာသာပြန်ရန်

11+12
de2fr@bot.talk.google.com German-frenchဘာသာပြန်ရန်
fr2de@bot.talk.google.com French-Germanဘာသာပြန်ရန်

12+13
el2en@bot.talk.google.com German-Englishဘာသာပြန်ရန်
en2el@bot.talk.google.com English-Germanဘာသာပြန်ရန်

14+15
es2en@bot.talk.google.com Spanish-Englishဘာသာပြန်ရန်
en2es@bot.talk.google.com English-Spanishဘာသာပြန်ရန်

16+17
Fi2en@bot.talk.google.com finnish-Englishဘာသာပြန်ရန်
en2fi@bot.talk.google.com English-finnishဘာသာပြန်ရန်

18+19
fr2en@bot.talk.google.com French-Englishဘာသာပြန်ရန်
en2fr@bot.talk.google.com English-Frenchဘာသာပြန်ရန်

20+21
hi2en@bot.talk.google.com Hindi-Englishဘာသာပြန်ရန်
en2hi@bot.talk.google.com English- Hindiဘာသာပြန်ရန်

22+23
hr2en@bot.talk.google.com Croatian-Englishဘာသာပြန်ရန်
en2hr@bot.talk.google.com English-Croatianဘာသာပြန်ရန်

24+25
it2en@bot.talk.google.com Italian-Englishဘာသာပြန်ရန်
en2it@bot.talk.google.com English-Italianဘာသာပြန်ရန်

26+27
ja2en@bot.talk.google.com Japanese-Englishဘာသာပြန်ရန်
en2ja@bot.talk.google.com English-Japaneseဘာသာပြန်ရန်

28+29
Ko2en@bot.talk.google.com Korean-Englishဘာသာပြန်ရန်
en2ko@bot.talk.google.com English-Koreanဘာသာပြန်ရန်

30+31
nl2en@bot.talk.google.com Dutch-Englishဘာသာပြန်ရန်
en2nl@bot.talk.google.com English-Dutchဘာသာပြန်ရန်

32+33
No2en@bot.talk.google.com Norwegian-Englishဘာသာပြန်ရန်
en2No@bot.talk.google.com English-Norwegian ဘာသာပြန်ရန်

34+35
pl2en@bot.talk.google.com polish-Englishဘာသာပြန်ရန်
en2pl@bot.talk.google.com English-polishဘာသာပြန်ရန်

36+37
Pt2en@bot.talk.google.com portuguese-Englishဘာသာပြန်ရန်
En2pt@bot.talk.google.com English-portugueseဘာသာပြန်ရန်

38+39
ro2en@bot.talk.google.com Romanian-Englishဘာသာပြန်ရန်
en2ro@bot.talk.google.com English-Romanianဘာသာပြန်ရန်

40+41
ru2en@bot.talk.google.com Russian-Englishဘာသာပြန်ရန်
en2ru@bot.talk.google.com English-Russianဘာသာပြန်ရန်

42+43
Sv2en@bot.talk.google.com Swedish-Englishဘာသာပြန်ရန်
en2sv@bot.talk.google.com English-Swedishဘာသာပြန်ရန်

44+45
zh2en@bot.talk.google.com chinese-Englishဘာသာပြန်ရန်
en2zh@bot.talk.google.com English-chineseဘာသာပြန်ရန်

46+47
Zh-hant2en@bot.talk.google.com Englishဘာသာပြန်ရန်
en2zh-hant@bot.talk.google.com Englishဘာသာပြန်ရန်

48+49
Zh-hant2zh@bot.talk.google.com traditionai Chinese-Chineseဘာသာပြန်ရန်
Zh2zh-hant@bot.talk.google.com Chinese- traditionai Chineseဘာသာပြန်ရန်

50+51
Th2en@bot.talk.google.com Thailand-Englishဘာသာပြန်ရန်
en2th@bot.talk.google.com English-Thailandဘာသာပြန်ရန်
en2mm12@mmgeeks.org မြန်မာလိုလဲ ပြန်လို့ ရပါပြီးရှင်

 by: * * * * * * * * * * * * * * * မေသဇင် * * r* * * * * * * * * * * *

Wednesday, August 15, 2012

ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ်

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သတ်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီးဆုပ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေဖြစ်သွားတတ်ပါတယ်။ 
ဒီပုံပြင်လေးရဲ့ သင်ခန်းစာပေးတာကို အရမ်းသဘောကျမိတယ်။လောကမှာတခါတခါ ကိုယ်ကဖြစ်ချင်နေရဲ့သားနဲ့
ဖြစ်မလာလို့ကံမကောင်းဘူးဆိုပြီး စိတ်ညိုငြင်ရတာတွေဖြစ်ခဲ့ပေမယ့် ဒါကတချိန်မှာ ကိုယ့်အတွက် အကျိုးဖြစ်စေတာလက်တွေ့တွေအများ ကြီးပါ..
.............................................
တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ
ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။

ချစ်စရာ ကြက်သွန်နီလေးများ

 
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဟင်းချက်ရင်ကြက် သွန်အနီနဲ့အဖြူကို မပါမပြီး ထည့်သွင်း စားသောက် တတ်ကြပါတယ်.. ဒါဟာ ဟင်းတွေကို အညှီ အဟောက် အနံ့မျိုးမထွက်အောင် ကာကွယ်ပေးနိုင် သလို ကျန်းမာရေးအတွက် လည်း ကောင်းမွန်ပါတယ်.. ကြက်သွန်နီနဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းငယ်ပြောရရင် ကြက်သွန်နီကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀ လောက်ကတည်းက ကမ္ဘာမြေကြီးပေါ်မှာ စတင်စိုက်ပျိုးခဲ့ကြတယ်လို့ သမိုင်းအထောက်အထားများ အရ သိရှိရပါတယ်.. ကြက်သွန်ရဲ့ မူလ စတင်တွေ့ရှိရာအရပ်ဟာ အာရှတိုက် အလယ်ပိုင်းဒေသဖြစ်ပါတယ်.. ကြက်သွန်နီကို ကြာရှည်ခံအောင် သိုလှောင် သိမ်းဆည်းထားချင်သူများ အညှောင့်ပေါက်ခြင်းမှ ကာကွယ်ရန်အတွက် ကြက်သွန်ရဲ့ အမြစ်ငယ်တွေကို မီးရှို့ပြီး သိမ်းဆည်းထားကြလေ့ ရှိပါတယ်..

ကြက်သွန်မှာ ပန်းသီးတစ်လုံးထက် ပိုပြီး သကြားဓာတ် ကြွယ်ဝစွာ ပါရှိပါတယ်.. ဗီတာမင် B6, B1 နဲ့ B9 တို့နဲ့ ဖောလစ်အက်ဆစ် လည်း များပြားစွာပါဝင်ပါတယ်.. ကြက်သွန်နီကို အခွံမခွာခင် ရေခဲသေတ္တာ အတွင်းသော်လည်းကောင်း ရေအေးတွင် စိမ်ခြင်းအားဖြင့် သော်လည်းကောင်း မိနစ် ၃၀ခန့် ထားပြီးမှ အခွံခွာရင် ကြက်သွန်ငွေ့ကြောင့် မျက်ရည်ကျခြင်းမှ သက်သာရာရနိုင်ပါတယ်.. ကြက်သွန်နီမှာ ဆာလ်ဖာ ကွန်ပေါင်းများ ပေါများစွာ ပါရှိခြင်းကြောင့် မှတ်ဥာဏ်အား ကောင်းစေတယ်လို့ သိရပါတယ်.. သို့သော် အကျက်လွန်အောင် ချက်ထားသော ကြက်သွန်နီမှာ မူလပါဝင်သော ဓာတ်ပေါင်းများ ပျက်စီးသွား စေနိုင်သောကြောင့် ကြက်သွန်နီကို အစိမ်း သော်လည်းကောင်း၊ မကျက်တကျက် ချက်ပြီး စားသုံးခြင်းတို့ကသာ ပိုပြီး အစွမ်းထက်စေတယ်လို့ ဆိုပါတယ်..

ကြက်သွန်နီကို ဟိုးရှေးခေတ်ကတည်းက ရောဂါဘယတွေကို ကုသပေးနိုင်စွမ်းရှိတယ်.. မကောင်းဆိုးဝါးတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်.. အချို့သော ကျေးလက် တောရွာတွေမှာ နေအိမ်ထဲမှာ ကြက်သွန်နီတွေ ချိတ်ဆွဲထားရင် မကောင်းဆိုးဝါးနဲ့ ရောဂါဘယတွေ မ၀င်ရောက်နိုင်ဘူးဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်.. ဖျားနေတဲ့ လူနာအနီးမှာ ကြက်သွန်နီကို အခွံခွာပြီး ထားရင် အဖျားရောဂါ သက်သာတယ် လို့လည်း ယုံကြည်ကြပါတယ်.. ကြက်သွန်နီဟာ အနံ့အသက်တွေကို စုတ်ယူနိုင်စွမ်းအား မြင့်မားတာကြောင့် အခွံခွာပြီး ချက်ခြင်း မသုံးဖြစ်တဲ့ ကြက်သွန်နီကို နောက်နေ့မှ ပြန်သုံးတာမျိုး မပြုလုပ်သင့်ကြောင်း အကြံပြုကြပါတယ်..

အသုံးဝင်မှု များပြားလှတဲ့ ကြက်သွန်နီကို နိုင်ငံတိုင်းမှာ တန်ဖိုးထားသုံးစွဲကြသလို အချို့သောနိုင်ငံများမှာ ကြက်သွန်နီ ပွဲတော်ကို သီးသန့် ရက်များသတ်မှတ်ပြီး ကျင်းပလေ့ရှိပါတယ်.. ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အသုံးဝင်ရုံသာမက ချစ်စရာလည်း ကောင်းလှပါတယ်.. မယုံဘူးဆိုရင် ကြက်သွန်နီပွဲတော်က ချစ်စရာ ကြက်သွန်နီပုံ အမျိုးမျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်..

Sunday, August 5, 2012

ADSL ဆိုတာဘာလဲ......

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပေါ်မှာ Computer ပေါင်းမြောက်များစွာဟာ Networkချိတ်ထားကြ ပြီး Computer တွေဟာတစ်လုံးနဲ့တစ်လုံး သတင်းအချက်အလက်တွေ၊ နည်းပညာတွေ၊ စီးပွားရေးကိစ္စတွေအစရှိတာတွေကို အပြန်အလှန် ဖလှယ်နေ ကြတာနဲ့အမျှ Computer တွေတစ်လုံးနဲ့တစ်လုံး Network ချတ်ဆက်မှုဟာအင်မတန် မှများပြားလာပြီး Internet ဆို တဲ့ ဝေါ်ဟာရကြီး ဟာလည်းပေါ်ပေါက်လာပြီဖြစ်ပါတယ်။ အဲဒီInternet ဆိုတဲ့ ဝေါ်ဟာရကြီး သည် Inter-Network ဆိုတဲ့စကားစု ကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internetဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်းမရေတွက်နိုင်လောက်အောင် များပြားလာပါပြီ။