Tuesday, August 9, 2016

Water Shadow Tutorial ( ရေလှိုင်း ပုံသဏ္ဍာန်အရိပ် ပြုလုပ်ခြင်း )



1. ပထမဦးဆုံး Photoshop တွင် အရိပ်ပြုလုပ်မည့်ပုံဖွင့်ပါမည်။ ပုံကို Ctrl+j နှိပ်ပီး ကော်ပီပွားထားပါမည်။ Copy ပွားထားတဲ့ Layer ကို water layer လို့ နာမည်ပေးပါမည်။

2. Image > Canvas Size တန်ဖိုးကို အောက်ပါအတိုင်းထားပါမည်။

3. Edit > Transform > Flip Vertical

4. အရင်ဦးဆုံး Texture တစ်ခု ဖန်တီးပါမယ်။ File > New ခေါ်ပါ။ Texture size ကတော့ သင်အသုံးပြုနေသောပုံ ထက်ကြီးရပါမည်။ အသင့်တော်ဆုံး size ကတော့ ပြုလုပ်မယ့် Texture size ရဲ့ အကျယ်က ယခု သင်အသုံးပြု နေသောပုံထက် 4 ဆ ရှိရမည်ဖြစ်ပြီး အမြင့်ကတော့ 3 ဆ ရှိရမှာဖြစ်ပါတယ်။ ဥပမာ- ယခု အသုံးပြုထားတဲ့ ပုံဆိုဒ်က 1000 x 612 pixels ဖြစ်သည့်အတွက်ကြောင့် Texture ရဲ့ size က 4000 x 1836 pixels size ယူရမှာဖြစ်ပါတယ်။


5. ပထမဦးဆုံး Noice Filter အသုံးပြုရပါမည်။ Filter > Noise > Add Noise
· Amount: 50%
· Distribution: Uniform
· Monochromatic

6. ထို့နောက် Filter > Sketch > Bass Relief ကို အောက်ပါ တန်ဖိုးအတိုင်းဖြည့်ပါ။ (ရှာမတွေ့ပါက Filter Gallery ထဲတွင်ရှာပါ)
· Detail: 10
· Smoothness: 3
· Light: Bottom

7. Filter > Blur > Motion Blur
· Angle: 0
· Distance: 60

8. နောက်တစ်ဆင့်အနေနဲ့ Layer ကို Copy ပွားပါမည်။ Copy ပွားထားသည့် Layer ကို Edit > Transform > Perspective နဲ့ အလယ် Center ကို Image ရဲ့ 25 % ထိချုံ့ရပါမည်။

9. နောက်တစ်ဆင့်အနေနှင့် အောက်ပါပုံအတိုင်း Image ကို ဖျတ်ထုတ်ရပါမည်။
10. ထို့နောက် Image > Image Size ကို ရေအရိပ်ဖန်တီးမည့်ပုံ၏ အမြင့်အတိုင်း 612 pixels ထားပေးလိုက် ပါ။ အခုဆိုရင် Texture Image ဟာ အဆင်သင့်ဖြစ်နေပါပြီ။ (* အဓိကမှာချင်တာကတော့ Texture file ကို save ရာမှာ Psd file နဲ့ပဲ save ပါ။ အဲ့ဒါမှ Glass-filter ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်)

11. အခု ရေအရိပ်ပြုလုပ်မည့် ပုံကိုပြန်သွားပါမည်။ ပီးရင် water layer ကိုရွေးပါ။ Filter > Convert for Smart Filters ကို ရွေးပါ။ ထို့နောက် water layer ရဲ့ thumbnail ကို Ctrl+click လုပ်ပါ။ selection ပေါ်လာပါလိမ့်မယ်။ ထို့နောက် Filter > Distort > Glass ကို အောက်ဖော်ပြပါ အတိုင်းချိန်ညှိပါ။
· Distortion: 10
· Smoothness: 3
· Texture: water texture.psd
· Scaling: 100%

12. ထို့နောက် အောက်ပါပုံအတိုင်း background wave ကို လျှော့ချပါမည်။ ပထမဆုံး Foreground color ကို 50% gray (#808080) ထားပါ။ Background color ကို အဖြူရောင်ထားပါ။ Layer window ကနေ Smart Filters Layer ကိုရွေးပါ။ ထို့နောက် Gradient tool ကို ယူလိုက်ပါ။ Gradient tool ဖြင့် အပေါ်ကနေ အောက်သို့ဆွဲချလိုက် ပါ။ အောက်ပါပုံအတိုင်းရရှိပါမည်။

13. ထို့နောက် အောက်ဆုံးတွင် New layer တစ်ခု ယူပါမည်။ Edit > Fill (Color = #314b4d) ဖြည့်ပါမည်။ ပြုလုပ်သည့်ပုံပေါ်မူတည်၍ဖြည့်လို့ရပါတယ်။

14. နောက့်တစ်ဆင့်အနေဖြင့် Layer mask ကို water layer တွင် Add လိုက်ပါ။ ပထမဆုံး Foreground color ကို 60% gray (#999999) ထားပါ။ Background color ကို အဖြူရောင်ထားပါ။ water layer mask ကို ရွေးပါ။ Gradient Tool ကို ယူပါ။ ပုံရိပ်၏အောက်မှ အပေါ်သို့ ဆွဲပါ။ အောက်ပါပုံတွင် လေ့လာနိုင်ပါသည်။

ပြီးပြည့်ဆုံသည့် ရေပုံသဏ္ဍာန်အရိပ်ရရှိပါပြီ။

Tutorial by Hnin Thakhin
(Credit ပေး၍ ကူးယူ Share ခွင့်ရှိပါသည်။) ဆရာမဟုတ်ပါ။ မသိသေးသည့်သူများအတွက် သိသလောက်မျှဝေခြင်း မျှသာဖြစ်ပါသည်။
Thanks

https://www.facebook.com/tkydesign/

No comments:

Post a Comment