Friday, September 29, 2017

နင်မရှိတဲ့နောက်ပိုင်း..


နင်မရှိတဲ့နောက်ပိုင်း...နေ့ရက်တွေက ပြောင်းလဲသွားတယ်
အသက်ရှူသံတွေမှန်နေပေမဲ့...ရနံ့တွေမဲ့သွားတယ်
ငါ့နှလုံးခုန်သံစည်းချက်ကျနေပေမဲ့... သံစဉ်တွေမဲ့သွားတယ်
ငါအဆင်ပြေပါတယ်...နင်မရှိတဲ့နောက်ပိုင်းပေါ့
ငှက်လေးတွေတေးဆိုသံကို မကြားရတာကလွဲရင်
နွေးထွေးတဲ့နေရောင်ခြည်ကို မခံစားနိုင်တော့တာကလွဲရင်
လျှောက်နေပေမယ့် ဦးတည်ရာကိုမသိတာကလွဲရင်
နေ့ရက်တိုင်းကို ငါအဆင်ပြေပြေနိုးထနေပါတယ် . . .
Moesat Hnin

No comments:

Post a Comment