Friday, September 29, 2017

နင်မရှိတဲ့နောက်ပိုင်း..


နင်မရှိတဲ့နောက်ပိုင်း...နေ့ရက်တွေက ပြောင်းလဲသွားတယ်
အသက်ရှူသံတွေမှန်နေပေမဲ့...ရနံ့တွေမဲ့သွားတယ်
ငါ့နှလုံးခုန်သံစည်းချက်ကျနေပေမဲ့... သံစဉ်တွေမဲ့သွားတယ်
ငါအဆင်ပြေပါတယ်...နင်မရှိတဲ့နောက်ပိုင်းပေါ့
ငှက်လေးတွေတေးဆိုသံကို မကြားရတာကလွဲရင်
နွေးထွေးတဲ့နေရောင်ခြည်ကို မခံစားနိုင်တော့တာကလွဲရင်
လျှောက်နေပေမယ့် ဦးတည်ရာကိုမသိတာကလွဲရင်
နေ့ရက်တိုင်းကို ငါအဆင်ပြေပြေနိုးထနေပါတယ် . . .
Moesat Hnin

Tuesday, September 26, 2017

နင်သိရဲ့လား....


နင်သိရဲ့လား . . .
နင်အနားမှာရှိယုံနဲ့ ကျေနပ်ပျော်ရွှင်တတ်တဲ့
ကောင်မလေး တစ်ယောက်ရှိတယ်ဆိုတာ . . .
နင်သိရဲ့လား . . .
နင်အမှတ်တမဲ့ သတိတရရှိယုံနဲ့တောင်
လှိုက်ခနဲခုန်တတ်တဲ့ နှလုံးသား တစ်စုံရှိတယ်ဆိုတာ . . နင်သိရဲ့လား . . .

Tuesday, August 9, 2016

Water Shadow Tutorial ( ရေလှိုင်း ပုံသဏ္ဍာန်အရိပ် ပြုလုပ်ခြင်း )



1. ပထမဦးဆုံး Photoshop တွင် အရိပ်ပြုလုပ်မည့်ပုံဖွင့်ပါမည်။ ပုံကို Ctrl+j နှိပ်ပီး ကော်ပီပွားထားပါမည်။ Copy ပွားထားတဲ့ Layer ကို water layer လို့ နာမည်ပေးပါမည်။

2. Image > Canvas Size တန်ဖိုးကို အောက်ပါအတိုင်းထားပါမည်။

3. Edit > Transform > Flip Vertical

4. အရင်ဦးဆုံး Texture တစ်ခု ဖန်တီးပါမယ်။ File > New ခေါ်ပါ။ Texture size ကတော့ သင်အသုံးပြုနေသောပုံ ထက်ကြီးရပါမည်။ အသင့်တော်ဆုံး size ကတော့ ပြုလုပ်မယ့် Texture size ရဲ့ အကျယ်က ယခု သင်အသုံးပြု နေသောပုံထက် 4 ဆ ရှိရမည်ဖြစ်ပြီး အမြင့်ကတော့ 3 ဆ ရှိရမှာဖြစ်ပါတယ်။ ဥပမာ- ယခု အသုံးပြုထားတဲ့ ပုံဆိုဒ်က 1000 x 612 pixels ဖြစ်သည့်အတွက်ကြောင့် Texture ရဲ့ size က 4000 x 1836 pixels size ယူရမှာဖြစ်ပါတယ်။

Tuesday, August 26, 2014

ပုရွက်ဆိတ်တစ်ကောင်ရဲ့  ပုံပြင်



တစ်မနက်မှာတော့ ပုရွက်ဆိတ်သေးသေးလေး တစ်ကောင်က ကြီးမားတဲ့ ငှက်မွှေး တစ်ချောင်းကိုကျွန်ုပ်ရဲ့ အနောက် ဘက်ကုန်းထစ်တစ်လျှောက် သယ် ဆောင်သွားနေတာကိုတစ်နာရီနီးပါး အချိန်ကုန်အောင်စောင့် ကြည့် နေမိခဲ့တယ်။ အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ပုရွက်ဆိတ်လေးဟာ ငှင်း သယ်သွားတဲ့လမ်းကြောင်းမှာ  အတားအဆီးတွေ၊အခက်အခဲတွေနဲ့  ရင်ဆိုင်ကြုံ  တွေ့ ရပါတော့တယ်။
အဲ့ဒီအခါမှာ သူဟာ ခေတခဏတာရပ်နား ခဲ့ပြီး နောက်တစ်ခြားလမ်းကြောင်းတွေ ကနေကွေ့ ကာတရွေ့ရွေ့သွားခဲ့တယ်။  တစ်နေရာလည်းရောက်ရော ပုရွက်ဆိတ်လေးဟာ (10)မီလီမီတာရှိတဲ့ အက်ကွဲကြောင်းတစ်ခုကိုဖြတ်ကျော်ဖို့ အကြောင်းဖန်လာပါတယ်။

Monday, August 25, 2014


"သင့်ဘ၀အတွက် အကောင်းဆုံးတွေကိုသာ ပြုလုပ်ပါ။
ယခုအချိန်မှာ သင်ဘာကိုစိုက်ပျိုးလိုက်တယ်ဆိုတာ . .
နောင်တစ်ချိန်မှာ သင်ဘာကိုရရှိမယ်ဆိုတာပါပဲ။"


♥ နှင်းသခင် ♥

Thursday, October 4, 2012

ဟာသ (၃)

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ
လဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "

ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "

ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း


This is a very good article. Not only about the warm water after your
meal, but about Heart Attacks . The Chinese and Japanese drink hot tea
with their meals, not cold water, maybe it is time we adopt their
drinking habit while eating.
( ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ 
ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်း
မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ
ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ
ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ )
မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက
ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။


အဲလို အချော့တော်သင့်တယ်နော်


လက်ထပ်ပြီးလဲ သူမက ရည်းစားဖြစ်တုန်းကလိုပဲ သူ့ကိုအနိုင်ယူ၊
  စိတ်ကောက်တတ်တုန်း....

  တစ်နေ့မှာ မိတ်ဆွေနဲ့ချိန်းထားလို့ နှစ်ယောက်သား အိမ်ကထွက်လာခဲ့ကြတယ်။ အိမ်က
  ထွက်လာတုန်းက အကောင်းပါ။ လမ်းတစ်ဝက်ရောက်တော့ သူမရဲ့ အကျင့်ဆိုးက ဖောက်လာပြီး
သူ့ကိုအပြစ်ရှာတော့တယ်။ သူက အေးဆေးပြီး စကားနည်းသူပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့
သူသည်းမခံနိုင်ခဲ့ဘူး။ သူမကို လမ်းပေါ်မှာထားခဲ့ပြီး အိမ်ကို
သူလှည့်ပြန်လာခဲ့တယ်။

တစ်ခါမှ သူစိတ်ဆိုးတာကို မခံဖူးတဲ့ သူမက လမ်းလယ်မှာ မျက်ရည်တွေနဲ့
တစ်ယောက်တည်းကျန်ခဲ့တယ်။ ဒါပေမယ့် အရှုံးမပေးဘဲ စိတ်ကောက်အရွဲ့တိုက်တတ်တဲ့
မိန်းမတို့သဘာဝကို သူမ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားခဲ့တယ်။

Thursday, September 27, 2012

မင်းရဲ့အကောင်းဆုံး ချစ်ခြင်းမေတ္တာကိုပေးပါ

တစ်ခါက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော်တို့ ဟာ ပျော်ရွှင်မှုအပြည့်နဲ့  အတူတကွကစားနေခဲ့ကြတယ်။ ကောင်လေးရဲ့ လက်ထဲမှာတော့ စကျင်ကျောက်လေးတွေရှိပြီး ကောင်မလေးစီမှာတော့ သကြားလုံးတချို့ ရှိနေတယ်။
အဲ့ဒီအချိန်မှာ ကောင်ကလေးက သူ့ရဲ့  စကျင်ကျောက်တွေ နဲ့ ကောင်မလေးရဲ့  သကြားလုံးလေးတွေနဲ့ လဲမယ်ဆိုပြီးပြောလိုက်တယ်။ ကောင်မလေးကလည်း သဘောတူခဲ့တယ်၊

အဲ့ဒါနဲ့ ကောင်ကလေးက ပိုလှပြီး ပိုကြီးမားတဲ့ စကျင်ကျောက်တွေကို ဘေးဖယ်လိုက်ပြီး ကျန်တဲ့မလှမပဖြစ်နေတဲ့ စကျင်ကျောက်တွေကို ကောင်မလေးစီပေးလိုက်တယ်။ ကောင်မလေးကတော့ သူမရဲ့ သကြားလုံးအားလုံးကို ကျေကျေနပ်နပ်ကြီး ပေးခဲ့တယ်။

Tuesday, September 11, 2012

မြေငလျင်များအတွက် အဆင်သင့်ဖြစ်နေပြီလား





ရေးသားသူ- အားမာန်၊ ထွန်းခိုင်



မြန်မာပြည်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံတိုင်အောင်၊ တောင်ပိုင်းတစ်လျှောက် မြစ်ဝကျွန်းပေါ်ဒေသအားဖြတ် ၍ ကပ္ပလီပင်လယ်အထိ ရှည်လျားလှသော စစ်ကိုင်းပြတ်ရွေ့ကြော (စစ်ကိုင်းငလျင်ကြော)ကို စတင်ဖော်ထုတ် တွေ့ရှိလိုက်ပြီးနောက် ဒေါက်တာ
ဝင်းဆွေအဖို့ ခံစားချက်နှစ်မျိုး ဖြစ်ပေါ်လာသည်။

ယင်းမှာ လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့ရသော သုတေသနအောင်မြင်မှုအတွက် ပီတိနှင့် ငလျင်ကြောပေါ်တွင် ထိုင်နေသည့် မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှု။

“လုပ်ငန်းအောင်မြင်မှုအနေနဲ့ စိတ်ထဲမှာ ပီတိဖြစ်တယ်။ Second Thought (ဒုတိယအတွေး) ဒါကအန္တရာယ်ရှိတယ်။ ဒါကြောင့်လည်း ငလျင်အကြောင်းကို ပိုပြီးတော့ နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖြစ်တာ”ဟု အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင် ဒေါက်တာဝင်းဆွေက ပြောပါသည်။